ဤနိုင်ငံတွင်ပြည်ထောင်စုမရှိခဲ့။
စာတမ်းငယ်
” ယခုနွေဦးတော်လှန်ရေးတွင် ကျွန်ုပ်တို့သည် ဤအကြမ်းဖက်စစ်အုပ်စုကို အပြီးတိုင်ဖြုတ်ချပစ်ရမည်။ ထိုသို့ဖြုတ်ချရန် အကြမ်းဖက်စစ်အုပ်စုမှ စိမ့်ဝင် ရိုက်သွင်းထားသော အတွေးအခေါ်များကို ဖြုတ်ချပစ်ရမည်။ တော်လှန်ပစ်ရမည်။ ထိုအတွေးအခေါ်များထဲတွင် ပြည်ထောင်စုဆိုသည့် အတွေးအခေါ်တရပ်လည်း ပါဝင်သည်။ တိုက်ရိုက်စာသားအားဖြင့် “ပြည်ထောင်စုမပြိုကွဲရေး ဒို့အရေး” ဖြစ်သည်။ သို့သော် ဤနိုင်ငံတွင် ပြည်ထောင်စုသည် ဘယ်တော့မှမရှိခဲ့။
ပြည်ထောင်စု ဘယ်တော့မှမရှိခဲ့ကြောင်း နားလည်လက်ခံလာပြီးသည့်နောက် ပြည်ထောင်စုကြီးဆိုသည့် ဖြစ်တည်မှုအထိုင်ဘောင်မှ မစဥ်းစားဖြစ်တော့သည့်နောက် လာလတ္တံ့သော နိုင်ငံတော်သစ်အတွက် ကျွန်ုပ်တို့၏ အတွေးအခေါ်ရှုထောင့်များသည် အလွန်ပွင့်လင်းသွားသည်။ ဘောင်ခတ်ထားခြင်း မရှိတော့ပေ။ ဤသည်ပင်လျှင် အတွေးအခေါ်တော်လှန်ရေးဖြစ်ပေတော့သည်။ “
(စာတမ်းငယ်၏ နိဒါန်းမှ)
•••••
ရန်ကုန်အခြေစိုက်တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ-ရန်ကုန်) နှင့် ကျောင်းသားလက်ရုံးတပ်တော် မှ ဤစာတမ်းငယ်ကို ကျောင်းသားပြည်သူများထံသို့ အတွေးအခေါ်တော်လှန်ရေးဆင်နွဲနိုင်ရန်အလို့ဌာ ဖြန်ဝေလိုက်ရပါသည်။

















